Asia-Yangon

ACM-ICPC

The ACM International Collegiate Programming Contest (ICPC) is a multi-tier, team-based, programming competition operating under the auspices of ACM and headquartered at Baylor University. The contest involves a global network of universities hosting regional competitions that advance teams to the ACM-ICPC World Finals. Participation has grown to several tens of thousands of the finest students and faculty in computing disciplines at most 2,330 universities from over 91 countries on six continents. The contest fosters creativity, teamwork, and innovation in building new software programs, and enables students to test their ability to perform under pressure. Quite simply, it is the oldest, largest, and most prestigious programming contest in the world.

Myanmar Collegiate Programming Contest 2017 (MCPC 2017)

UCSY will host 2017 ACM-ICPC Asia-Yangon Regional Contest under auspices of ACM. Prior to Asia-Yangon Regional Contest, UCSY will host Myanmar National Collegiate Programming Contest in October 2017 (MCPC 2017). UCSY invites teams across Myanmar to participate in National contest. Teams qualifying in the National contest can participate in the 2017 ACM-ICPC Asia-Yangon Regional Contest. The winner teams of the Asia-Yangon Regional Contest are eligible to participate in the World final.


Registration

Start Date:  August 21, 2017 (Monday)
End Date: September 21, 2017 (Thursday)
All Contestants and Coaches must register
at official Team Registration page.


Environment

OS: Ubuntu 16.04.1 LTS Linux (64-bit)
IDEs: Eclipse, Netbeans
Editor: gedit
Languages: Java (jdk-1.7.0 and above), C++ (g++)

Contact

Organizing Committee (MCPC 2017)
University of Computer Studies
Yangon, Myanmar
Email: icpc@ucsy.edu.mm

Contest Date

Rehearsal Day: October 25, 2017
(Wednesday)

Contest Day: October 26, 2017
(Thursday)


ပြိုင်ပွဲဝင်များနှင့် အသင်းများ အရည်အချင်းသတ်မှတ်ချက်

  • ပြိုင်ပွဲဝင်(contestants) များသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်မည့် တက္ကသိုလ်၊ ကောလိပ်တွင် တတ်ရောက် သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ရပါမည်။

  • ပြိုင်ပွဲဝင်များသည် (၁၉၉၄)ခုနှစ်နှင့် နောက်ပိုင်းတွင် မွေးဖွားသူ ဖြစ်ရပါမည်။

  • ပြိုင်ပွဲတွင် အသင်းလိုက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် တက္ကသိုလ်၊ကောလိပ် တစ်ခုတည်းတွင် တတ်ရောက်နေသော ပြိုင်ပွဲဝင် (၃)ဦး ပါဝင်ရပါမည်။ အသင်းကို မိမိတို့နှစ်သက်ရာ အမည်ပေးနိုင်ပါသည်။
    (ဥပမာ UCSY-Digit, bYtEs, 1100011, etc)

  • တက္ကသိုလ်၊ကောလိပ် တစ်ခုစီသည် မိမိတို့အတွက် သတ်မှတ်ထားသော အသင်းအရေအတွက်ထက် မပိုစေဘဲ ပြိုင်ပွဲဝင်အသင်းများ စေလွှတ်နိုင်ပါသည်။

  • ပြိုင်ပွဲဝင်တစ်သင်းလျှင် အသင်းကြီးကြပ်သူ(coach) အနေဖြင့် တက္ကသိုလ်၊ကောလိပ် သင်ကြားရေး ၀န်ထမ်းတစ်ဦး လိုက်ပါရန် လိုအပ်ပါသည်။ အသင်းတစ်သင်းထက်ပိုသော တက္ကသိုလ်၊ကောလိပ်များ အနေဖြင့် အနည်းဆုံး ကြီးကြပ်သူတစ်ဦး လိုက်ပါရပါမည်။


  • ပြိုင်ပွဲဝင်အသင်းများကို အဆင့်သတ်မှတ်ခြင်း

  • အဆင့်သတ်မှတ်ရာတွင် မိမိအသင်းမှ ဖြေရှင်းနိုင်သော Problem အရေအတွက် အများအနည်းအလိုက် သတ်မှတ်ပါမည်။

  • ဖြေရှင်းနိုင်သော Problem အရေအတွက် တူနေပါက Problem ဖြေရှင်းရန်ကြာသော အချိန်စုစုပေါင်း ဖြင့် အဆင့် သတ်မှတ်ပါမည်။

  • အထက်ပါ (၂) ချက်နှင့် တူညီနေပါက နောက်ဆုံးဖြေရှင်းခဲ့သော Problem ကို ဖြေရှင်းသည့် အချိန်ဖြင့် ဆုံးဖြတ်ပါမည်။

  • အကယ်၍ ထပ်တူနေသေးပါက ဒုတိယနောက်ဆုံး Problem ဖြေရှင်းသည့် အချိန်၊ တတိယနောက်ဆုံး Problem ဖြေရှင်းသည့် အချိန်၊ စတုတ္ထနောက်ဆုံး Problem ဖြေရှင်းသည့် အချိန် စသည်ဖြင့် အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။


    အထွေထွေအကြောင်းအရာများ

  • ပြိုင်ပွဲနှင့်ပတ်သက်၍ အဆင်မပြေမှုနှင့် မကျေနပ်ချက်များရှိပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် Judge ဒိုင်များထံတွင် ပြိုင်ပွဲပြီးချိန်မှစ၍ မိနစ် ၃၀ အတွင်း တင်ပြနိုင်ပါသည်။

  • ပြိုင်ပွဲအတွင်း မမျှော်လင့်သော အခြေအနေများကြောင့် နှောင့်နှေးမှုများရှိပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် Judge ဒိုင်များအဖွဲ့မှ ဆုံးဖြတ်ဖြေရှင်းပေးပါမည်။


  • ပြိုင်ပွဲနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက်များ၊ သတင်းများနှင့် ဓာတ်ပုံများကို MCPC 2017 ၏ တရားဝင် Facebook Page တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

  • MCPC 2017 နှင့်ပတ်သက်သော ကိစ္စရပ်များအတွက် တရားဝင်Email (icpc@ucsy.edu.mm) ကိုသာ ဆက်သွယ်ဆောင်ရွက် ပေးစေလိုပါသည်။


  • ပြိုင်ပွဲမတိုင်ခင်

  • ပြိုင်ပွဲကျင်းပရာခန်းမအတွင်းသို့ Electronic Devices (Calculator, Mobile Phone, USB stick, etc) များကို ယူဆောင်ခွင့် မပြုပါ။

  • အသင်းတစ်သင်းလျှင် မိမိတို့နှစ်သက်ရာ Dictionary စာအုပ်တစ်အုပ်နှင့် အသုံးပြုရန် Stationary (pen, pencil, ruler, etc) များကို ယူဆောင် ခွင့်ပြုပါသည်။ ယင်းတို့ကို ပထမရက် အစမ်း လေ့ကျင့်ချိန် တွင် ယူဆောင်လာခဲ့ ရမည်ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပရာ ခန်းမအတွင်း ထားခဲ့ရမည် ဖြစ်ပါသည်။

  • အကြမ်းအသုံးပြုရန်အတွက် အသင်းတစ်သင်းကို A4 စာရွက် (၁၅) ရွက်ကို ပြိုင်ပွဲကျင်းပသည့်နေ့တွင် ထုတ်ပေးထားပါမည်။

  • အသင်းအားလုံးသည် တူညီသော Hardware နှင့် Software ဖြင့် ယှဉ်ပြိုင်ကြရမည်။ မည်သည့် အပို Hardware/Software မှ တပ်ဆင်အသုံးပြုခွင့် မပြုပါ။

  • ပြိုင်ပွဲဝင်အသင်းများသည် သတ်မှတ်ထားသော ၀တ်စုံကိုဝတ်ဆင်၍ ပြိုင်ပွဲဝင်ကြရပါမည်။ ယင်းဝတ်စုံ များကို ပထမနေ့ ပြိုင်ပွဲဝင်အသင်းများ မှတ်ပုံတင် Registration ချိန်တွင် ထုတ်ပေးပါမည်။

  • ပြိုင်ပွဲကျင်းပရာခန်းမအတွင်းသို့ Team member (၃)ဦးသာ ၀င်ခွင့် ပြုပါမည်။

  • အသင်းကြီးကြပ်သူ(coach)များသည် အစမ်းယှဉ်ပြိုင်ချိန် နောက်ပိုင်း (၁)နာရီတွင် ပြိုင်ပွဲခန်းမ အတွင်းသို့ ၀င်ရောက် အားပေး နိုင်သော်လည်း ပြိုင်ပွဲနေ့တွင် ခန်းမအတွင်းသို့ ၀င်ခွင့် ရမည်မဟုတ်ပါ။


  • ပြိုင်ပွဲကျင်းပစဉ်

  • ပြိုင်ပွဲတွင် အနည်းဆုံး Problem (၁၀)ပုဒ်ကို (၅) နာရီအတွင်း ဖြေရှင်းရမည်ဖြစ်သည်။

  • ပြိုင်ပွဲတစ်ခုလုံးကို PC2 Auto Judging System အသုံးပြု၍ ကျင်းပမည်ဖြစ်သည်။

  • Problem တစ်ခုဖြေရှင်းပြီးတိုင်း ယင်း Source file ကို ချက်ခြင်း စစ်ဆေးရန် Judge များထံသို့ ပေးပို့ ရမည်။ Judge ထံမှ မှန်/မမှန် အဖြေကို အချိန်အနည်းငယ်အတွင်း သိရှိနိုင်ပါသည်။ မှန်ကန်ပါက ရရှိထားသော အဆင့်သည် ချက်ခြင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

  • မမှန်ကန်သည့် အဖြေပေးပို့မှုအတွက် ပြစ်ဒါဏ်အဖြစ် ပေးပို့မှုတစ်ခုလျှင် မိနစ်(၂၀) ကို ယင်းပုစ္ဆာမှန်သည့် အချိန်တွင် ထည့်ပေါင်းခံရပါမည်။ Compilation Error အတွက် မည်သည့် ပြစ်ဒါဏ်မှမယူပါ။

  • ပြိုင်ပွဲဝင်နေစဉ် အသင်းတစ်သင်းနှင့် တစ်သင်း စကားပြောဆိုဆက်သွယ်ခြင်း လုံးဝမပြုလုပ်ရပါ။

  • ပြိုင်ပွဲကျင်းပချိန်အတွင်း Print ထုတ်လိုပါက အသင်းတစ်သင်းလျှင် အများဆုံး A4 ၁၅မျက်နှာအထိ ပြိုင်ပွဲခန်းမအတွင်းရှိ Student Volunteer များအကူအညီဖြင့် ထုတ်ယူခွင့်ပြုပါသည်။

  • ပြိုင်ပွဲကျင်းပချိန်ကို (၅)နာရီ သတ်မှတ် ထားသော်လည်း မမျှော်လင့်သော အခြေအနေများ ဖြစ်ပါက ယင်းပွဲကျင်းပချိန်ကို Judge များနှင့် ပွဲကျင်းပရေးအဖွဲ့တို့က ထပ်တိုးခွင့်ရှိပါသည်။ တိုးပေးသည့် အချိန်ကို ပြိုင်ပွဲဝင်အသင်းများအားလုံး တူညီစွာ ခံစားခွင့်ရှိသည်။

  • ပြိုင်ပွဲကျင်းပနေစဉ် တလျှောက်လုံး ပြိုင်ပွဲဝင်အသင်းများ ရရှိသည့် အဆင့်များကို အချိန်နှင့်တပြေးညီ ထင်သာမြင်သာရှိအောင် Board များဖြင့် ပြသပေးထားပါမည်။


  • UCSY
    No. 4, Main Road
    Shwe-Pyi-Thar Township
    Yangon, Myanmar
    www.ucsy.edu.mm

    ACM-ICPC
    Headquarter by
    Baylor University
    United State of America
    icpc.baylor.edu

    Asia Super Director
    Prof. Dr. C. J. Hwang
    Texas State University
    United State of America
    blog.sina.com.cn/CJHwang