၁။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ ဘဏ္ဍာရေးနှစ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
| ၁၊၊ | (၃)ထပ် စာသင်ဆောင် (၂၄၆’x၅၀’x၄၆’) ဆောက်လုပ်ခြင်း (ရေ၊ မီး၊ မိလ္လာ၊ Apron & Drain အပါအဝင်) | ၁ | Lot.1 | ရန်ကုန်ကွန်ပျူတာတက္ကသိုလ် | 
| ၂။ | အုတ်တံတိုင်း (၂၃၀၀’x၇’) (RC Post & RC Ground Beam) | ၁ | Lot.2 | ရန်ကုန်ကွန်ပျူတာတက္ကသိုလ် | 
	
					၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို (၂၅-၁၀-၂၀၂၁)ရက်နေ့မှ စတင်ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါကို (၂၅-၁၁-၂၀၂၁)ရက်နေ့ ညနေ (၃:၃၀)နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများကို တင်သွင်းရပါမည်။ 
					
					၃။  အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် လုပ်ငန်းအတွက် သတ်မှတ်သော တင်ဒါအာမခံကြေးကို အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဘဏ္ဍာရေးဌာနတွင် ကျသင့်ငွေပေးသွင်းပြီး ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲတင်သွင်းရပါမည်။ လုပ်ငန်းတစ်ခုထက် ပို၍ တင်ဒါတင်သွင်းလိုပါက  တင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစားအားလုံး တင်ဒါအာမခံကြေးပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတစ်ခုချင်း တင်သွင်းရမည် ဖြစ်ပါသည်။
					
					၄။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၉-၂၅၀၀၇၄၁၂၀ နှင့် ၀၉-၄၄၃၄၄၀၄၇၆ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
				
					တင်ဒါခေါ်ယူရေးကော်မတီ
					ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
					ရွှေပြည်သာမြို့နယ်
				
 
          The application form and entrance exam structure can be downloaded ...
 
          The application form and entrance exam structure can be downloaded ...
 
              Deadline: March 21, 2025
 
              The application form can be downloaded in here ...
 
                  Re-exam time-table are as follow ...
 
              The entrance list are as follow ...
 
                  Result for Ph.D (IT) and Ph.D (Research Only) ...
